စကားတစ်ခွန်းနှင့်သက်သေခံ
လွန်ခဲ့သည့်(၁၅)နှစ်ကျော်ခန့်က ဒွန်စမစ်၏ နံမည်နှင့်မျက်နှာပုံပါသည့် ကြော်ငြာက နယူးယောက်မြို့တခွင်ရှိ ကော်ဖီဆိုင်များ၊ အ၀တ်လျှော်သည့်ဆိုင်ခန်းများနှင့် စီးပွားရေးလုပ်ငန်းငယ်များတွင် နေရာယူခဲ့သည်။ ကြော်ငြာ၌ “ဒွန်စမစ်က သင့်ကိုဂီတာတီးနည်း သင်ကြားပေးမည်” ဟုဖော်ပြထားသည်။ သို့နှင့်ဒွန်စမစ်ဖြစ်ချင်သည့် ဆန္ဒအတိုင်း သင်တန်းသားများကို လက်မလည်အောင် ဂီတသင်တန်းပို့ချခဲ့ရသည်။ စိတ်ဝင်စား စိတ်အားထက်သန်လွန်းသည့် တပည့်များက သူ့ကြော်ငြာကို အခြားနေရာသစ်များတွင် ကပ်ပေးသည်။ ထိုသို့ပြုခြင်းက “ဆရာဒွန်စမစ် ကျွန်တော့်ကိုဂီတာတီးသင်ပေးတယ်။ သင့်ကိုလည်း သင်ပေးနိုင်ပါတယ်” ဟုပြောနေသည်ပင်။
သမ္မာကျမ်းစာ၏ စာမျက်နှာများတွင် ဘုရားသခင်က မိမိအတွက် ပြုပေးသည့်အရာကို ဖော်ပြသည့် လူတို့အကြောင်းအပြည့်ပါရှိသည်။ ၎င်းတို့အနက်မွေးစကပင် မျက်စိကန်းသူအား အံ့ဩဖွယ်ရာမြင်စေခြင်းအကြောင်းက အထင်အရှားပါ (ယော၊၉း၁-၇)။ သံသယကြီးသည့် ဘာသာရေးခေါင်းဆောင်များက သူ့ကို အထပ်ထပ် စစ်မေးလွန်း၍ နောက်ဆုံးသူက “အကျွန်ုပ်သည် အထက်က မျက်စိကန်း၍ ယခုမျက်စိမြင်သည်အကြောင်းတစ်ခုကို (သာ) သိသည်” (း၂၄)ဟု သာ ဆိုနိုင်တော့သည်။
ခရစ်တော်သင့်အတွက်ဘာပြုပေးသည်။ အခြားသူအတွက်…
မြေပုံများနှင့် ပတ်သက်သော အမှန်တရား
ဂျီပီအက်စ် တည်နေရာပြစက်သည် ခရီးသွားများအတွက် ၎င်းတို့သွားမည့် အရပ်သို့ ညွှန်ပြပေးသည့် နောက်ဆုံးပေါ်စက်ဖြစ်ပါသည်။ သို့သော် ကျွန်မတို့ ဇနီးမောင်နှံအတွက်ကတော့ မြေပုံကြည့်ပြီး နည်းဟောင်းဖြင့်သာ ခရီးသွားသည်။ များသောအားဖြင့် ကျွန်မခင်ပွန်း “ဂျေး” က ကားမောင်းသူဖြစ်သဖြင့် ကျွန်မက မြေပုံကြည့်သည့်တာဝန်ကို မလွဲမသွေယူရသည်။ သို့သော် ကားသွားနေစဉ် လမ်းညွှန်ရခြင်းက လမ်းမသိသကဲ့သို့ ကျွန်မခံစားရသည်။ မိမိသွားလိုသည့်နေရာကို သိသော်လည်း ကားရပ်ပြီး ဘယ်နေရာရောက်နေသည်ကို ဆင်းမကြည့်လျှင် မိမိသွားမည့်နေရာသို့ ဘယ်လမ်းက အဆင်ပြေဆုံးသွားနိုင်မည်ကို ကျွန်မ မတွက်တတ်။ မိမိရောက်နေသည့်နေရာကို သိအောင်လုပ်ရပါတော့သည်။
ဝိညာဉ်ရေးအသက်တာ၌လည်း ထိုသဘောအတိုင်းပင်ဖြစ်သည်။ ဘုရားသခင် သွားစေလိုသည့် လမ်းကို ကျွန်မတို့ကြိုးစား တွက်ဆရာ၌ ကျွန်မတို့သည် ရပ်လျက် မိမိ၏ ၀ိညာဉ်ရေး အခြေအနေကို သိအောင်လုပ်ရန်လိုသည်။ ထိုသို့ မလုပ်ပါက မိမိ မရည်ရွယ်ထားသောနေရာ၊ အခြေအနေ၊ ပေါင်းသင်းဆက်ဆံရေးများကြား ချောင်ပိတ်သွားနိုင်ပါသည်။
လောက၏ ထောင်ချောက်များနှင့်…
သတိပေးဆော်ဩသံ
ဆောင်းကူးရာသီတစ်မနက်ခင်း မှောင်နေဆဲအချိန်တွင် အလုပ်သို့ ကားမောင်းသွားစဉ် ရှေ့ကားမီးရောင်အောက်သို့ အညိုရောင်အရိပ်ထိုးကျလာပြီး ကားရှေ့မှ တစ်ခုခုနှင့်တိုက်မိသွားသဖြင့် ကျွန်တော်လန့်ဖြန့်သွားသည်။ တစ်နာရီ မိုင် ၇၀ နှုန်းဖြင့် သမင်တစ်ကောင်ကို ချိတ်မိခြင်းပါ။ သို့သော် ရှပ်ပြီးတိုက်မိခြင်းသာဖြစ်သောကြောင့် ကျွန်တော့်ကားရော၊ သမင်ရော ဘာမှမဖြစ်သွားပါ။ သို့သော် ကျွန်တော်လန့်ကာ မျက်လုံးကျယ်သွားရသည်။ ကျွန်တော်က သွားနေကျလမ်းကြောင်းဖြစ်၍ အလိုလို အေးဆေးသက်သာစွာနှင့်သာ မောင်းနှင်လာခြင်းဖြစ်ရာ ထိတ်လန့်သွားရသည့် အဖြစ်ကြောင့် အာရုံများစုစည်းသွားပြီး ယခုမှ အပြည့်အ၀ နိုးကြားလာကာ နှလုံးခုန်မြန်နေမှုကို ထိန်းလိုက်ရသည်။ ဤပုံစံဖြင့် နိုးထစေခြင်းက ခံစားရချက် မသက်မသာဖြစ်ရပါသည်။
ခံစားရချက် မသက်မသာဖြစ်စေသည့်တိုင် နိုးထ၊ နိုးကြားအောင် ဆော်ဩမှုသည် လိုအပ်သည်။ စွမ်းအားကြီးသည့် ရန်သူနှင့် ရင်ဆိုင်ရသည့် ၀ိညာဉ်ရေးရာတိုက်ပွဲ၌ နိုးကြားမှုရှိရန် တမန်တော်ရှင်ပေတရုက ကျွန်ုပ်တို့ကို ဆော်ဩသည်။ သူက “သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည်…
စွန့်ပစ်ခံရပြီလား
ဓမ္မသစ်ကျမ်း၌ အများဆုံးကိုးကား ညွှန်းထားသော ဆာလံကျမ်းကို သိပါသလား။ ဆာလံ ၂၃ ဟု သင်ထင်မည်။ စင်စစ် ထိုကျမ်းပိုဒ်မှာ ဆာလံ ၂၃ မဟုတ်ဘဲ ဆာလံ ၂၂ ဖြစ်ပါသည်။ ဆာလံ ၂၂ ၏အစကို ကားတိုင်ပေါ်တွင် သခင်ယေရှု ရည်ညွှန်းမိန့်ဆိုခဲ့ပြီး ထိုစကားများမှာ ဒါဝိဒ်၏ ကြေကွဲဝမ်းနည်းမှုမှ ထွက်ပေါ်လာသည့် စကားများဖြစ်သည်။ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” (မ ၂၇း၄၆၊ မာ ၁၅း၃၄)။
ဒါဝိဒ်အနေဖြင့် ထာဝရဘုရားထံသို့ ထိုသို့ အော်ဟစ်ရလောက်သည့် သူကြုံနေရသည့် အခြေအနေကို စဉ်းစားကြည့်ပါ။ သူ့အနေဖြင့် စွန့်ပစ်၊ စွန့်လွတ်ခံရသည့်နှယ် ခံစားနေရ၍ “အကျွန်ုပ်ကို မကယ်တင်ဘဲ၊ အကျွန်ုပ်စကားကို နားမထောင်ဘဲ အဘယ်ကြောင်း အဝေးမှာ နေတော်မူသနည်း” (း၁) ဟုဆိုမိသည်။ လျစ်လျူရှုခံရသကဲ့သို့ ခံစားရ၍ “အကျွန်ုပ်ဘုရား၊…
ဝှက်ထားစရာတစ်ခုခု
တစ်စုံတစ်ရာကို ၀ှက်ထားလိုပါက မိုက်စလက်ထရီ၌ ကူညီပေးနိုင်လိမ့်မည်။ လွန်လေသော နှစ်များစွာ ဆဲလ်ဖုန်းကုမ္ပဏီတစ်ခုက မိုက်၏ မြေပေါ်၌ နာနတ်ပင်သဏ္ဍာန်ရုပ်ဖျက်ထားသည့် အင်တာနာတစ်ခု စိုက်ထူလိုသည်။ မိုက်၏ အကြံက ပိုကောင်းသည်။ သူက ရေဒီယိုလှိုင်းများဖြတ်စီးသွားနိုင်သည့် ကွေးလွယ်ဆန့်လွယ်သော ပလစ်စတစ်ချောင်းများနှင့် စပါးကျီအတုဆောက်ရန် ကုမ္ပဏီသို့ တင်ပြပြီး ကုမ္ပဏီကလည်း လက်ခံသဖြင့် လှပသပ်ရပ်စွာနှင့် လုံခြုံစွာ အင်တာနာကို ၀ှက်ထားနိုင်ခဲ့သည်။ သူ၏ အိမ်နီးချင်း အတော်များများသည် သူ၏ စပါးကျီထဲ၌ ဘာရှိနေသည်ကို မသိဟု စလက်ထရီ စိတ်ချယုံကြည်သည်။ ( the Gazette, Colorado Spring )
ကျွန်ုပ်တို့အများစုသည်လည်း တစ်စုံတစ်ခုကို မမြင်ကွယ်ရာ၌ ၀ှက်ထားရန်ကြိုးစားနေကြသည်။ ထိုတစ်စုံတစ်ရာမှာ အခန်းထဲစုပုံထားသော ပစ္စည်းများကဲ့သို့ အန္တရာယ်မရှိသောအရာဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ်ပါကလည်း အခြားသူများမမြင်အောင်၊ မိမိကိုယ်တိုင် မ၀န်ခံအောင် ဘုရားသခင်ရှေ့မှာ ကွယ်ဝှက်ထားလိုသည့် အဆိပ်သင့်နိုင်သည့် ကိုယ်ကျင့်တရားနှင့် ၀ိညာဉ်ရေးကျဆုံးမှုများလည်း…
ခိုင်မာစွာရပ်တည်
ကား ရှုတ်လှသည့် လမ်းဆုံတစ်ခုတွင် လက်ဝဲဖက်သို့ကွေ့ရန် စောင့်နေစဉ် ကုန်းဆင်းမှ လူနာတင်ယာဉ်တစ်စီး ထွက်ပေါ်လာပြီး ကျွန်မဦးတည်ထားသည့် လမ်းကြောင်းတည့်တည့်သို့မောင်းချလာသည်။ နောက်မှ ကားက ကားရှင်းသည်အထင်နှင့် ဟွန်းတီးပြီး လောဆော်သည်။ လူနာတင်ယာဉ်က ရပ်လိုမည်မဟုတ်။ ကျွန်မကားကို ကွေ့လိုက်ပါက ဆိုးရွားသော ယာဉ်တိုက်မှုဖြစ်သွားမည်။ သို့နှင့် ကားဘရိတ်ကို နင်းထားပြီး ရှိသည့်နေရာမှ စိုးစင်းမျှမရွှေ့ပါ။
ဝိညာဉ်ရေးအရ ပြောရမည်ဆိုလျှင် အခြားသူများ မည်မျှပင် ဖိအားပေးပေး ဘုရားသခင်အပေါ် သစ္စာရှိပြီး ကျွန်မတို့် တည်ရှိရပ်တည်နေသည့် နေရာမှ ရွှေ့မသွားရန် လိုအပ်ပါသည်။ ရှောလမုန်မင်းကြီးက ဤအချက်ကို ခက်ခဲစွာ အဖိုးအခပေး၍ သင်ယူခဲ့ရသည်။ သူသည် ဘုရားသခင်ထံမှ ဥာဏ်ပညာကို တောင်းခံပြီး တိုင်းပြည်အုပ်ချုပ်မှုကို အစပြုခဲ့သည်။ (၃ ရာ ၃း၉)။ ဗိမာန်တော်ကို အနုမောဓနာပြုစဉ်က တောင်းလျှောက်သော ဆုတောင်းက သူ၏ သစ္စာတည်မှုကို ဖော်ကျူးနေသည်(၈း၂၃၊၆၁) သို့သော်…
ထူးခြားမှုပြုပါ
ပြောရမည်ဆိုလျှင် အဲလီဇဘတ်၏ အဖြစ်က စိတ်ထိခိုက်စရာပါ။ မက်ဆာချူးဆက်၌ ဆိုးဆိုးရွားရွား နှိပ့်ချ အရှက်ခွဲခံရပြီး အရှက်ရမှုမှ လွတ်မြောက်ရန် နယူးဂျာစီသို့ ထွက်သွားသည်။ ဘက်စ်ကားပေါ်တွင် အထိန်းအကွပ်မရှိ ငိုကြွေးနေမိ၍ တစ်နေရာပြီးတစ်နေရာ ကားဆိုက်သည်ကိုပင် မသိလိုက်ပါ။ သူမနှင့် လုံးဝမသိကျွမ်းသည့် သူ့အနောက်ခုံမှ ခရီးသည်မှ ကားပေါ်မှာ ဆင်းရန်လှမ်းလိုက်ပြီးမှ ရုတ်တရက် ရပ်ပြီး အဲလီဇဘတ်ထံ ပြန်လှည့်လာသည်။ သူမ၏ မျက်ရည်များကိုမြင်ပြီး သူ၏ ကျမ်းစာအုပ်ကို ကမ်းလိုက်ကာ ကျမ်းစာအုပ်ကို သူမလိုအပ်မည်ဟု သူထင်ကြောင်းပြောလိုက်သည်။ သူ့အထင်မှန်ပါသည်။ သို့သော် ကျမ်းစာအုပ်ကိုသာ သူမ လိုအပ်နေသည်မဟုတ်၊ ကျမ်းစာအုပ်၌ ပြောထားသော ခရစ်တော်ကို သူမ လိုအပ်နေပါသည်။ လက်ဆောင်ပေးသူ လူစိမ်း၏ ရိုးရှင်းသော ကိုယ်ချင်းစာ အကြင်နာပြသည့် လုပ်ရပ်၏ ရလဒ်အနေဖြင့် အဲလီဇဘတ် ခရစ်တော်ကို ရရှိခဲ့ပါသည်။
ကိုယ်ချင်းစာအကြင်နာပြရာ၌ ယေရှုရှင်ကို ကျွန်ုပ်တို့ စံနမူနာယူထိုက်သည်။…
အလှမ်းဝေးသောနေရာမှ
လွန်လေသောနှစ်များစွာက ထွက်ရှိသည့် “From a Distance” အမည်ရှိသည့် သီချင်းမှာ လူကြိုက်များလှပြီး ယင်းက စည်းဝါးညီပြီး ငြိမ်းချမ်းလှသည့် လောကကမ္ဘာကြီးကို စိတ်ကူးမြင်ယောင်စေသည်။ “ဘုရားသခင်သည် ကျွန်ုပ်တို့ကို အဝေးမှနေ၍ ကြည့်ရှုနေသည်” ဟု သီချင်းစာစားက ဆိုထားသည်။ အမှန်ပင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကြည့်ရှုနေပါ၏။ သို့သော် အဝေးမှနေ၍မဟုတ်ပါ။ သင်နှင့်အတူ အခန်းတွင်း၌၊ သင့်အရှေ့တည့်တည့်၌ ဘုရားတည်ရှိပါ၏။ မေတ္တာလွှမ်းသော ကရုဏာအကြည့်ဖြင့် သင့်ကို ကြည့်ရှုနေပါသည်။
နှစ်ပေါင်းများစွာ စားဖိုဆောင်၌ အလုပ်လုပ်၊ အိုးခွက် ဒယ်အိုးဒယ်ပြားများဆေးကြော၊ အခြားသော ဘုန်းတော်ကြီးများ၏ ဖိနပ်များကို ချုပ်လုပ်ပြုပြင်ပေးသူ ဘရာသာ လောရင့်စ် ၏ စံနမူနာကို ကျွန်တော်ဆင်ခြင်တွေးတောမိပါသည်။ “တတ်နိုင်သမျှ၊ အချိန်တိုင်း ဘုရားသခင်၏ ရှေ့တော်မှောက်၌ ၀တ်ပြုသူအဖြစ် ကျွန်တော် ကိုယ့်ကိုကိုယ်ထားရှိပါတယ် ကိုယ်တော်ရဲ့ သန့်ရှင်းမြင့်မြတ်သော တည်ရှိနေမှုအပေါ်မှာ အာရုံပြုထားပါတယ်” ဟုသူက…
တိုက်တန်းနစ် (၂)
ငါးမျှားသွားရန်နှင့် အပန်းဖြေအနားယူရာ၌ အသုံးပြုရန်အတွက် ၁၆ ပေ အရှည်ရှိသောလှေတစ်စင်း ကို မာ့ခ်ဝီကင်ဆန်က ၀ယ်ယူခဲ့သည်။ ရေခဲတောင်ကို တိုက်မိ၍ ၁၉၁၂ ခုနှစ်၌ နစ်မြုပ်သွားသည့် ဇိမ်ခံသင်္ဘော နာမည်ကိုယူပြီး သူ့လှေကို တိုက်တန်းနစ်(၂)ဟု အမည်ပေးသည်ကို ကြည့်ခြင်းဖြင့် သူသည် အယူသီးသူ မဟုတ်ကြောင်း အထင်အရှား သိနိုင်သည်။ အင်္ဂလန်နိုင်ငံ “ဒေါစက်” ဆိပ်ကမ်းမှ ထွက်ခွာပြီး ပထမဆုံးရေကြောင်းခရီးကို တိုက်တန်းနစ်(၂) စတင်ခဲ့ပြီး အဆင်ပြေချောမွေ့ခဲ့သည်။ သို့သော် ၀ီကင်ဆန်၏ အပြန်ခရီးတွင် လှေမှာ စတင်ပြီးရေစိမ့်ဝင်တော့သည်။ မကြာလိုက်ပါ သူ့ခမျာရွက်တိုင်ပေါ်တွယ်တက်နေရပြီး ကယ်ဆယ်ရေးအဖွဲ့ကို စောင့်မျှော်နေရတော့သည်။ “ရေခဲတောင်ကို တိုက်မိလို့လားဆိုတဲ့ လူတွေရဲ့အမေးကို တကယ်ပဲ စိတ်ပျက်မိပြီး ရှက်လည်းရှက်မိပါတယ်” ဟု “၀ီကင်ဆန်” က ပြန်ပြောခဲ့သည်။ မျက်မြင်သက်သေ တစ်ဦးက “လှေက လှေအကြီးကြီးမဟုတ်တော့ ရေခဲတုံးလေးသေးသေးလေးနဲ့ တိုက်မိပြီး မြုပ်သွားတာလို့ထင် တယ်”…
ရာခပ်ကဲ့သို့သော သူကိုပင်
သင်၏ မျိုးရိုးဇာတိ၌ ဘိုးဘေးတစ်ဦးသည် “ပြည့်တန်ဆာ၊ အစိုးရ၏ ရန်သူများကို နေအိမ်၌ လက်ခံ ၀ှက်ထားခဲ့သည်။ အာဏာပိုင်များက စုံစမ်းမေးမြန်းသောအခါ လိမ်ညာခဲ့သည်” ဟု သင့်မျိုးရိုး အကြောင်း ဖော်ပြချက်ကို တွေ့ရှိလိုက်ရသည်ဟု ဆိုပါစို့။
ထိုအခါ သင်ဘာလုပ်မည်နည်း။ သင့်မျိုးရိုးမိသားစုအကြောင်း မေးမြန်းလာလျှင် ထိုအကြောင်းကို ထိမ်ဝှက်ချန်လှပ်ထားမည်လား။ သင့်မိသားစုအကြောင်း ရှေးကအကြောင်းများပြောပြီး၊ ထိုသူကို အထူးချီးမွမ်း မည်လား။
ရာခပ်နှင့်တွေ့ဆုံကြည့်ပါ။ ယေရှုမှတ်စာ ၂ ၌ သူမအကြောင်း ဖတ်ရသမျှ သိရသမျှဆိုလျှင် အခြားသော ဥပဒေ ဆန့်ကျင်ချိုးဖောက်၊ စံနမူနာ မကောင်းသူများနှင့် သူမကို တန်းတူတွေးမိမည်ပင်။ သို့သော် သူမအကြောင်းက ထိုမျှနှင့်ပြီးမသွားပါ။ မဿဲ ၁း၅-၆ ၌ သူမသည် ဒါဝိဒ်မင်း၏ ဘွားတော်ကြီးဖြစ်ပြီး ကယ်တင်ရှင် သခင်ယေရှုဆင်းသက်လာသော မျိုးရိုး၌ ပါဝင်သည်။ ထိုမျှမက ယေရိခေါမြို့ ပျက်စီးကျဆုံးစဉ်က (ယေရှု…